Posts

မီးတောက်ရစ်သမ်

Image
......မီးတောက်ရစ်သမ်...... (၁) အခုလို… လှပအေးစက်နေတဲ့ ညမှာပဲ ငါ….ပျိုးထားတဲ့ မြနှင်းဆီဟာ ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။ တိမ်လွှာမျဉ်းကောက်တွေကလည်း ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ ရွှေမျက်ရည်တွေ စိုလက်လာပြီလို့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို တီးတိုးပြောလိုက်ကြတယ်။ ‘ချစ်ခြင်းမေတ္တာ’…..ဟာ မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို နောက်ဆုံးမှာ… မီးခိုးလုံးများဖြစ်သွားရော့မလား….လို့ နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။ လူငယ်တစ်ယောက်ကိုပြုစားဖို့ အဘယ်ဘုရားထံမှာ နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလား….. ငါ့ရာဇ၀င် ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ် သံယောဇဉ် ဆိုတာ အရောဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲ….. လောကဓံဦးတုန်းက အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက် ခုမှ စံပယ်ရွက်ပေါ်မူးလဲ အသည်းကွဲတယ် ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို စီးမိုးထားတယ်။ စက်ရုပ်ကိုဒူးထောက်ကျစေတဲ့ နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ ငါ ဘယ်လိုမှမေ့မရတဲ့ မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့။ အဲဒီလိုနဲ့ပဲ ငါပြန်လည် ချည်နှောင်ခဲ့ပါမယ် ချစ်သောဖဲကြ...